တစ်နိုင်ငံလုံး PDF . . . တစ်ကမ္ဘာလုံး ထောက်ပို့တပ်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် စစ်အာဏာရှင်စနစ်ကိုအရင်ဆုံးအမြစ်ဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။
အခုဆိုရင် တိုင်းနဲ့ပြည်နယ်နေရာအနှံ့မှာ ပြည်သူ့ကာကွယ်ရေးတပ်သားများ၊ တပ်ရင်းတပ်ဖွဲ့များရှိနေပြီ ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်အမြန်ဆုံးအမြစ်ဖြတ်နိုင်ရေးအတွက် ရှေ့တန်းစစ်မျက်နှာပြင်မှာ ရဲဝင့်စွာတိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားများအတွက် ပြည်သူတစ်ရပ်လုံးကလည်း နောက်တန်းကနေ ထောက်ပို့တာဝန်ကို အပြည့်အဝတာဝန်ယူကြမယ်လို့ ယုံကြည်ပါတယ်။
စစ်အာဏာရှင်စနစ်ကို လက်သင့်မခံသူတိုင်း ထောက်ပို့တာဝန်ထမ်းဆောင်နိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပို့တပ်ကို ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်သားများအတွက် လစဉ်လတိုင်း စားနပ်ရိက္ခာဖူလုံနိုင်ရေး ရည်ရွယ်ပြီး မြေပြင်တိုက်ရိုက်ကူညီပေးနိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
လစဉ်မပြတ်တာဝန်ယူကြမယ့် ထောက်ပို့တပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ ဖွဲ့စည်းပုံအတိုင်း စိတ်၊ စု၊ ခွဲ၊ ရင်းနဲ့ ထောက်ပို့တပ်ကိုဖွဲ့စည်းမှာဖြစ်ပြီး ကိုယ်ပိုင်နံပါတ်တစ်ခုနဲ့ ထောက်ပို့တပ်ဖွဲ့ဝင်ကတ်ကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနကနေ ထုတ်ပေးမှာဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်သားတယောက် လစဉ်စားနပ်ရိက္ခာဖူလုံနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ(၂၀) လိုအပ်မှာ ဖြစ်ပြီး မိမိတို့တတ်နိုင်သည့် တပ်သားအရေအတွက်ကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းနှင့်ဖြစ်စေ ထောက်ပို့မှုများ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံး ပီဒီအက်ဖ် ၊ တစ်ကမ္ဘာလုံးထောက်ပို့တပ်သားတွေ ဖြစ်လာပြီး စစ်အာဏာရှင်စနစ်အမြန်ဆုံး အမြစ်ဖြတ်နိုင်ဖို့ အတူတူကြိုးစားရအောင်ပါ။
ပြည်သူ့တော်လှန်ရေး မုချ အောင်ရမည်။
 
ထောက်ပို့တပ်သားအဖြစ် ဝင်ရောက်ရန် –  https://www.facebook.com/prf4pdf
 
Share
Share
Share

Related Posts

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြ

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြ အမျိုးသားညီညွတ်ရေးအစိုးရ

Read More »