ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အထူးတပ်ဖွဲ့များနှင့် ပတ်သက်သော ညွှန်ကြားချက်

ကြေငြာချက် အမှတ် (၃/၂၀၂၁)

ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံးသည် စစ်မြေပြင်တွင် အောက်ပါစည်းမျဉ်း စည်းကမ်းများ ကို တိကျစွာလိုက်နာရမည်။

( ၁ ) အထက်အမိန့်ကိုနာခံပါ။
( ၂ ) မိမိတပ်ဖွဲ့အပေါ် သစ္စာရှိပါ။
( ၃ ) မိမိလက်နက်ကို မိမိအသက်ကဲ့သို့ တန်ဖိုးထားပါ။
( ၄ ) အရေးပေါ် လိုအပ်ချက်အရ အရပ်သားပြည်သူပိုင် ပစ္စည်းများကို အသုံးပြုရပါက တန်ရာ တန်ဖိုး ပေးပါ။
( ၅ ) သုံ့ပန်းများကို ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း မပြုရ၊ သင့်လျော်သောနေရာတွင် ထိန်းသိမ်းထားရမည်။
( ၆ ) မိမိရဲမေများအပေါ်တွင် ဖြစ်စေ၊ အရပ်သူအမျိုးသမီးများအပေါ်တွင် ဖြစ်စေ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း မပြုရ။
( ၇ ) ရန်သူ့ထံမှ သိမ်းဆည်းရမိသည့် ငွေ၊ လက်နက်၊ ပစ္စည်းများကို ဆိုင်ရာတပ်မှူးထံ စာရင်းနှင့်တကွ အပ်နှံရမည်။

ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံး ဤစည်းမျဉ်း စည်းကမ်းများကို အစဉ်လိုက်နာစေရေး အတွက် ဆိုင်ရာတပ်မှူးများက နှိုးဆော်ကြပ်မတ်ရမည်။


ပြည်သူ့တော်လှန်ရေး အောင်ရမည်။

(ပုံ) ရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန

Share
Share
Share