People's Defence Force
ပြည်သူ့ကာကွယ်ရေးတပ်မတော်
မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို (၂၀၂၁) ခုနှစ်၊ မေလ (၅) ရက် မှစတင်၍ ကာကွယ်ရေးမူဝါဒနှင့်အညီ တရားဝင်ဖွဲ့စည်းထူထောင်ခဲ့သည်။
တပ်မတော်သမိုင်းကြောင်း
ရည်ရွယ်ချက်
ပြည်သူ့ကာကွယ်ရေးတပ်မတော်အား ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များမှာ
(၁) ပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှုများနှင့် စစ်ရေးအရ ရန်လိုတိုက်ခိုက်မှုများကို ထိန်းချုပ် အဆုံးသတ်ခြင်းဖြင့် နှစ်ပေါင်း ခုနှစ်ဆယ်ကျော်ဖြစ်ပွားနေသော ပြည်တွင်းစစ်အား ချုပ်ငြိမ်းရေး။
(၂) ထိရောက်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေး။
(၃) ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းနိုင်ရေးအတွက် ရှေ့ပြေးအမြုတေအဖြစ် ပါဝင်ရေး။
သစ္စာအဓိဋ္ဌာန် (၄) ချက်
၁။ ငါတို့သည် ပြည်ထောင်စုနှင့် ပြည်ထောင်စုသားများအပေါ် သစ္စာစောင့်သိပါမည်။
၂။ ငါတို့သည် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော သူရဲကောင်းများကို သစ္စာစောင့်သိပါမည်။
၃။ ငါတို့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည်။
၄။ ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ငါတို့၏ အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါသည်။
ပင်မလုပ်ငန်းတာဝန်
လုပ်ငန်းတာဝန်များ
(၁) ပြည်သူလူထု လုံခြုံရေး၊ ရပ်ရွာဘေးအန္တရာယ်တားဆီးရေးနှင့် ပြည်ထောင်စု ကာကွယ်ရေးတို့အတွက် အခြားသော မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်။
(၂) အာဏာရှင်အား ခုခံတွန်းလှန်သည့် တရားသောစစ်ကို ဆင်နွှဲရန်။
(၃) ကာကွယ်ရေးဇုန်များ အဆင့်ဆင့် ဖွဲ့စည်းတည်ဆောက်ရန်။
(၄) သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်။


အရပ်ဘက်အုပ်ချုပ်မှုနှင့် ကွပ်ကဲမှု
ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် အရပ်ဘက်အုပ်ချုပ်မှုအောက်တွင်ရှိသော တပ်မတော်ဖြစ်ရမည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွက် အဆုံးအဖြတ်ချမှတ်ခွင့်အာဏာသည် စစ်သေနာပတိတွင် တည်ရှိသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် အစိုးရယန္တရားတစ်ခုဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ အုပ်ချုပ်မှုအောက်တွင်ရှိသည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ဝန်ကြီးနှင့် ဒုတိယဝန်ကြီးများသည် အစိုးရအဖွဲ့၏ အဖွဲ့ဝင်များဖြစ်ကြပြီး အရပ်သားများဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးသည် အစိုးရ၏ ကာကွယ်ရေးမူဝါဒဆိုင်ရာ အကြံပေးဖြစ်ပြီး ကာကွယ်ရေးမူဝါဒနှင့် ဆက်စပ်သောကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်းနှင့် ယင်းမူဝါဒများအား အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိသည်။
ကာကွယ်ရေးဝန်ကြီးအနေဖြင့် စစ်သေနာပတိ၏ လမ်းညွှန်ချက်နှင့်အညီ ကာကွယ်ရေးဝန်ကြီးဌာနကို အုပ်ချုပ်စီမံခွင့်အာဏာရှိသည်။
ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်ရုံးချုပ်၏ တပ်များနေရာချထားခြင်း၊ စစ်ဦးစီး၊ လေ့ကျင့်ရေး၊ ကာကွယ်ရေးလုပ်ငန်းဆောင်တာများ အားလုံးအတွက် အဓိက Tenant Agency ဖြစ်သည်။
တပ်မတော်၏ တန်ဖိုးများ
ပြည်သူ့ကာကွယ်ရေးတပ်မတော်အား ဖွဲ့စည်းတည်ထောင်ထားသည်နှင့်အညီ တပ်မတော်၏ စံတန်ဖိုး (၆) ချက်ကိုလည်း အောက်ပါအတိုင်း သတ်မှတ်ပြဋ္ဌာန်းထားပါသည်-
(၁) ရဲဝံ့စွန့်စားမှု
(၂) တာဝန်ကျေပြွန်မှု
(၃) သစ္စာရှိမှု
(၄) အမိန့်နာခံမှု
(၅) စည်းကမ်းလိုက်နာမှု
(၆) ရဲဘော်ရဲဘက်စိတ်ထားရှိမှု
People's Defence Force
စစ်ဘက်ဆိုင်ရာ
တန်ဖိုးထားမှု
- သစ္စာစောင့်သိခြင်း
- ဂုဏ်သိက္ခာရှိခြင်း
- ရဲရင့်မှုရှိခြင်း
- ရိုးသားမှုရှိခြင်း
- ဖက်ဒရယ်ပြည်ထောင်စုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်း
- Law of Armed Conflicts အပါအဝင် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာခြင်း
ယဉ်ကျေးမှု
ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ဖွဲ့ဝင်များသည် စစ်ဘက်ဆိုင်ရာဘဝနှင့် ယဉ်ကျေးမှုကို သိရှိနားလည်ရမည်။
စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် အရပ်သားပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှုဆိုင်ရာ ကျင့်ဝတ်များကို မည်သည့်အခြေအနေမျိုးတွင်မဆို လေးစားလိုက်နာရမည်။
ကျင့်ဝတ်လိုက်နာမှု အားကောင်းစေသော တပ်ဖွဲ့ဝင်ဖြစ်စေရန် တပ်ဖွဲ့ဝင်ဖြစ်သည့်နေမှစ၍ လေ့ကျင့်သင်ကြားရမည်။