တပ်မတော်သား၊ ရဲ CDM ဝန်ထမ်းများနှင့် စပ်လျဥ်းသည့် ကြေငြာချက်
Announcement (2/2021)
- July 29, 2021
၁။ တရားမျှတမှုနှင့် ဒီမိုကရေစီကို ရှေးရှူ၍ ပြည်သူ့ဘက်မှ ရပ်တည်ကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံဝင်ရောက်လာကြသော CDM ဝန်ထမ်းများသည် ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေး အတွက် ကြီးမားသော ခွန်အားဖြစ်စေပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ အင်အားကို ချိနဲ့စေရုံ သာမက အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေး အတွက်လည်း အားကိုးအားထားပြုရမည့် အင်အားများ ဖြစ်သည်ဟု မှတ်ယူအသိအမှတ်ပြုပါသည်။
၂။ ပြည်သူလူထုဘက်သို့ ပူးပေါင်းရပ်တည်လာကြမည့် မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ CDM နိုင်ငံ့ဝန်ထမ်းသားကောင်းများအတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ CDM ကုဒ်နံပါတ် များအား မကြာခင်တွင် ထုတ်ဝေအသိအမှတ်ပြု သွားမည်ဖြစ်သည်။
၃။ CDM ပြုလုပ်ထားပြီး စာရင်းပေးသွင်းလိုသော တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အတွင်းမှ နိုင်ငံ့ဝန်ထမ်းကောင်းများအနေဖြင့် အချက်အလက်ပေါက်ကြားမှုကို စိုးရိမ်စရာမလိုဘဲ http://t.me/MyanmarPeople Telegram မှတစ်ဆင့် ဆက်သွယ်စာရင်းပေးသွင်း နိုင်ပါကြောင်း အသိပေး ကြေငြာလိုက်သည်။
U Yee Mon
Union Minister
Ministry of Defence
Related Posts

စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် ကြေညာချက်အမှတ်(၀၁/၂၀၂၂)
၁။ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်သည် လက်ရှိဖြစ်ပွားနေသော

ပြည်သူ့ခုခံတွန်းလှန်စစ် (၆) လပြည့် အစီရင်ခံစာ
ပြည်သူ့ခုခံတွန်းလှန်စစ် (၆) လပြည့် အစီရင်ခံစာ လေးစားဂုဏ်ပြုအပ်တဲ့

လက်နက်ကိုင်တိုက်ပွဲများအတွင်း ကလေးသူငယ်များ အကာအကွယ်ပေးရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက် လမ်းညွှန်ချက် (၃/၂၀၂၂)
၁။ အကြမ်းဖက်စစ်ကောင်စီအား ပြည်သူ့တော်လှန်စစ်များ ဆင်နွဲရာတွင် အနာဂတ်