လက်နက်ကိုင်တိုက်ပွဲများအတွင်း ကလေးသူငယ်များ အကာအကွယ်ပေးရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက် လမ်းညွှန်ချက် (၃/၂၀၂၂)

၁။ အကြမ်းဖက်စစ်ကောင်စီအား ပြည်သူ့တော်လှန်စစ်များ ဆင်နွဲရာတွင် အနာဂတ် သားကောင်းများဖြစ်သော အသက် (၁၈) နှစ်အောက် ကလေးသူငယ်များအပေါ် သက်ရောက်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ လျှော့ချနိုင်ရန်နှင့် အကာအကွယ်များပေးရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အထူးအလေးထားသတိပြုရန်လိုအပ်ပေသည်
၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ခုခံစစ် လက်နက်ကိုက်တိုက်ပွဲများတွင် အသက် (၁၈) နှစ်အောက် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန် အောက်ပါကျင့်ဝတ်များ၊ စည်းမျဉ်းများ ထုပ်ပြန်ထားပီးဖြစ်သည်။
(က) စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ အရပ်ပြည်သူများနှင့်ဆက်ဆံရာတွင် လိုက်နာရမည့်ကျင့်ဝတ်များ၊ အပိုင်း (၆) တွင် – ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ စည့်ထိခိုက်လွယ်အုပ်စုများ ( vulnerable groups ) အား အထူးကာကွယ်စောင့်ရှောက်ပီး လိုအပ်သည့်အကူအညီများပေးရမည်။ ဟူ၍လည်းကောင်း၊
(ခ) အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် လိုက်နာရမည့်ကျင့်ဝတ်များ အပိုဒ် (၂ ) တွင် အရွယ်မရောက်သေးသော ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံခြင်း၊ အကြမ်းဖတ်ခြင်းမပြုရဟူ၍လည်းကောင်း၊
(ဂ) စစ်ရေးဆိုင်ရာ ပစ်မှတ်ငတ်မှတ်ချက်၊ အပိုဒ် ( ၃ ) တွင် – စာသင်ကျောင်း၊ ဆေးရုံ ၊ ဘာသာရေးအဆောက်အအုံ၊ ယဉ်ကျေးမှုဆိုင်ရာအထိမ်းအမှတ်နေရာများ နှင့် အရပ်သားပြည်သူများ စုဝေးသွားလာလှုပ်ရှားနေသော နေရာများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းမပြုရ ။
ဟူ၍လည်းကောင်း ထုပ်ပြန်ထားပီးဖြစ်သည်။

၃။ ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများတွင် ဖြစ်လေ့ရှိသော အသက် (၁၈) နှစ်အောက်ကလေးသူငယ်များအပေါ် ချိုးဖောက်သည့် ဆိုးဝါးသောအကြမ်းဖတ်ခြင်း (၆) ချက် (Six Grave Violations) ကို​ မကျူးလွန်စေရန် အလေးထား၍ အထူးသတိပြုရန်လိုအပ်ပေသည်။ ကလေးသူငယ်များအပေါ်ဆိုးဝါးသေားအကြမ်းဖတ်ခြင်း (၆) ချက်မှာ –
(၁) သတ်ဖြတ်ခြင်းနှင့် ခြေ​လတ်အင်္ဂါချို့တဲ့စေခြင်း
(၂) လက်နက်ကိုင်ပဋိပက္ခများတွင် တပ်သားအဖြစ်စုဆောင်းခြင်း နှင့် တိုက်ပွဲများတပ်စခန်းများတွင် အမျိုးမျိုးအသုံးချခြင်း
(၃) အဓမ္မပြုကျင့်ခြင်းနှင့် အခြားသောလိင်ပိုင်းဆိုင်ရာအကြမ်းဖတ်ခြင်းများ
(၄) အဓမ္မဖမ်းဆီးခြင်း နှင့် ချုပ်နှောင်ခြင်း
(၅) ကျောင်းများ ဆေးရုံများကို တိုက်ခိုက်ခြင်း
(၆) လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာအစီအစဉ်များအားငြင်းဆိုခြင်း နှင့် ပျက်ကွက်ခြင်း တို့ဖြစ်သည်။

၄။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများတွင် ဖြစ်ပွားလေ့ရှိသော အထက်ဖော်ပါပါ အကြမ်းဖတ်ခြင်း (၆) ချက်အား မကျူးလွန်မိစေရန်နှင့် ချိုးဖောက်အကြမ်းဖက်မှုများတွေ့ရှိပါက အကာအကွယ်ပေးရန် အထူးသတိပြုအလေးထားဆောင်ရွတ်ရမည်။
၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံတကာစံချိန်စံညွှန်းများ၊ ဥပဒေနှင့် သဘောတူညီချက်များအား လိုက်နာပီး ဂုဏ်သိက္ခာမြင့်မားသည့် လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာအဖွဲ့အစည်းများ ဖြစ်သဖြင့် ကာကွယ်ရေးဝန်ကြီးဌာနက ထုပ်ပြန်လမ်းညွှန်ထားသည့် တပ်သားစုဆောင်းရေးမူဝါဒ ညွန်ကြားချက်များအတိုင်း အသက် (၁၈) နှစ်ပြည့်ပီးသူများကိုသာ တပ်သားအဖြစ်လက်ခံစုဆောင်းရေးကို အထူးကြပ်မတ်ဆောင်ရွတ်ကြရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် အသက် (၁၈) အောက်ကလေးများ မိမိတို့တပ်စခန်းတွင်ရောက်ရှိနေပါက နောက်ဆက်တွဲ ညွှန်ကြားချက်များပါ အစီအမံတိုင်း ဆောင်ရွက်ထားရှိကြရန် အသိပေးလမ်းညွှန်ချက်ကို ထုပ်ပြန်လိုက်သည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

Share on facebook
Share
Share on twitter
Share
Share on linkedin
Share